ရန်ကင်း ၂၄ မေ
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်ရုံးမှ ဝန်ထမ်းသား/သမီးများအား (၂၀၁၉-၂၀၂၀) ပညာသင်နှစ်အတွက် ထောက်ပံ့စရိတ်နှင့် ကျောင်းသုံးကိရိယာများ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအစီအစဉ်အစတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမောင်မောင်မှ ကျောင်းနေအရွယ် ကလေးများအနေဖြင့် မိမိရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်ရန် ပညာကိုကောင်းမွန်စွာဆည်းပူး၍ နိုင်ငံတော်အတွက် အကျိုးရှိသော လူရည်ချွန်၊ လူရည်မွန်များဖြစ်အောင် ကြိုးစားကြရန် ဆုံးမအဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပညာသင်စရိတ် ထောက်ပံ့ပွဲကို ကျင်းပရာ တက္ကသိုလ်အဆင့်(၃)ဦး၊ အထက်တန်း အဆင့်(၁)ဦး၊ အလယ်တန်းအဆင့်(၃)ဦးနှင့် မူလွန်/KG အတန်း(၈)ဦး စုစုပေါင်း(၁၅)ဦးတို့ကို ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ စုစုပေါင်းတန်ဖိုးကျပ်(၅)သိန်းခန့်အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြောင်း သိရသည်။
လင်းလင်းထွန်း