ပွင့်ဖြူ    ၂၄   မေ     

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ဘီးဇပ်ခုံကျေးရွာတွင် မေ ၂၁ ရက်နေ့က ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်နှစ်လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ရမှုအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပံ့ပိုးပေးအပ်ခြင်းကို မေ ၂၃ ရက် မွန်းလွဲ ၃ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

မြစ်ကမ်းပါးပြို၍ ပြောင်းရွှေ့ရသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်က ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရန်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

 

ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ရသည့် နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ဘီးဇပ်ခုံကျေးရွာမှ အိမ်ထောင်စု ၂ စု အတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် တစ်သိန်း၊ ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုးနှင့် လူတစ်ဦးလျှင် စားနပ်ရိက္ခာဆန်ဖိုးငွေကျပ် ၂၁၀ဝ နှုန်းဖြင့် လူဦးရေ စုစုပေါင်း ၆ ဦး အတွက် ထောက်ပံ့ငွေကျပ် ၁၂၆၀ဝ၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၁၂၆၀ဝ အား ကမ်းပါးပြိုဘေးသင့်သည့် ဒေသခံပြည်သူများထံ လက်ဝယ်အရောက် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။   

 

ရဲဝင်းနိုင် (ညောင်ဦး)