နေပြည်တော် ၂၄ မေ
နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀ဝ၀)၌ အပျိုဆောင်(သရဖီဆောင်) သစ် ဖွင့်ပွဲအခမ်းအနားကို မေ ၂၁ ရက်နေ့ နံနက် ၈ နာရီတွင် ဆေးရုံကြီးဝင်းအတွင်းရှိ အဆိုပါ အဆောင်သစ်ရှေ့၌ ကျင်းပရာ နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်း တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ကုသရေးဦစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာလှ က နေပြည်တော် ပြည်သူ့ဆေးရုံကြီးခုတင်(၁၀ဝ၀)၏ အိမ်ရာလိုအပ်ချက်များ၊ ဝန်ထမ်းအိမ်ရာဆိုင်ရာ စီမံခန့်ခွဲပေးနေမှု အခြေအနေများနှင့် (၂)ထပ်အပျိုဆောင်(သရဖီဆောင်)အသစ် ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ သူနာပြုဆရာမ ဒေါ်စုမြတ်ချို က အဆောင်သစ် ဖွင့်လှစ်ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် (၂)ထပ်အပျိုဆောင်(သရဖီဆောင်)အသစ်အား နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ကုသရေး) ဒေါက်တာ သီတာလှ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးခုတင်(၁၀ဝ၀)ဆေးရုံ အုပ်ကြီး ဒေါက်တာပပ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးခုတင် (၁၀ဝ၀)မှ ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ နော်မာသေးနှင့် သူနာပြုအုပ်ကြီး ဒေါ်စောရွှေ တို့က ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြပြီး အဆောင်သစ်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။
ယနေ့ဖွင့်လှစ်သည့် (၂)ထပ် အပျိုဆောင်(သရဖီဆောင်)အသစ်တွင် (၂) ယောက်အိပ်အခန်း အခန်း ၄၀ ပါရှိပြီး ခွင့်ပြုငွေကျပ်သန်း(၄၉၇ ဒဿမ ၄၁၄) ဖြင့် တင်ဒါအောင်မြင်သည့် Hight United C0.,Ltd က တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(ရွှေကုက္ကို)