ရေနံချောင်း ၂၄ မေ
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့၌ သက်ကြီးဘိုးဘွားများနှင့် ကလေးသူငယ်များ အပူဒဏ် ခံစားရမှုမှ သက်သာစေရန် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ရွှေပျိုးခင်း ပရဟိတအသင်းတို့ ပူးပေါင်း၍ မြို့မမြောက် ဒိုင်နယ်၊ သပြေ(၂)ရပ်ကွက် သာသနမဏ္ဍိုင်ကျောင်းတိုက်၌ ဖွင့်လှစ်ထားသော အပူရှောင်အေးရိပ်သာ(၁) အပူရှောင် စခန်း၌ ယနေ့မွန်းတည့် ၁၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက စာအုပ် စာစောင်များ သွားရောက်ငှါးရမ်းပေးခဲ့သည်။
အဆိုပါအပူရှောင်စခန်းသို့ အပူရှောင်ပြည်သူ ၆၀ ဦးခန့် လာရောက်အပူရှောင်လျက်ရှိရာ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ခြင်းနှင့် ဆောင်ရန်ရှောင်ရန်နည်လမ်းများ သိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အပူဒဏ်ကာကွယ်ရေး အသိပညာပေး စာအုပ်များ အပါအဝင် သုတ၊ ရသ စာအုပ်စာစောင်များ ငှါးရမ်းပေးခဲ့ကြောင်း မြို့နယ် ပြန်/ဆက်မှ သိရသည်။
MDN