တမူး ၂၄  မေ

 

တမူးမြို့တွင် လူစည်ကားသည့် ဗိုလ်ချုပ်လမ်းနှင့် အလောင်းဘုရားလမ်းဆုံတို့တွင် ဒုတိယမြောက်မီးပွိုင့် တပ်ဆင်တော့မည်ဖြစ်ကြောင်း မီးပွိုင့်တပ်ဆင်နိုင်ရေးကော်မတီမှ သိရှိရသည်။

 

ယခင်က တမူးမြို့တွင် မဟူရာလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံ မီးသတ်စခန်းအနီးရှိ ၂၀၁၇ ခုနှစ်က တပ်ဆင်ခဲ့သော မီးပွိုင့်တစ်ခုသာရှိပြီး ယခုတပ်ဆင်မည့် ဒုတိယမြောက် မီးပွိုင့်သည်မြို့၏ အချက်ချာကျရာ အများပြည်သူနေ့စဉ်အများဆုံး ဖြတ်သန်းသွားလာနေသော နေရာဖြစ်သည့်အပြင် ကျောင်းသား/ကျောင်းသူများ အများဆုံးဖြတ်သန်းသွားလာမှု ရှိသည့်အတွက် ယာဉ်အန္တရာယ် ကင်းရှင်းစေရန် တပ်ဆင်ခြင်းဖြစ်ကြောင်း အများပြည်သူများ စုပေါင်းလှူဒါန်းမှုနှင့်ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေး ကော်မတီတို့ ထည့်ဝင်မှုဖြင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ခန်မှန်းကုန်ကျငွေကျပ်သိန်း(၁၀ဝ)ခန့် ကုန်ကျမည်ဖြစ်ပြီးမီးပွိုင့် အပြင် CCTVနှင့်ယာဉ်ထိန်းကြီးကြပ်ရေးရုံးပါ တည်ဆောက်မည်ဖြစ်ကြောင်း မီးပွိုင့်တပ်ဆင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဆုသန်းက ပြောကြားသည်။

 

တမူးမြို့သည် နယ်စပ်မြို့ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး စခန်းရှိသည့်အတွက် နေ့စဉ်သွားလာနေသည့် ယာဉ်ကြီး ယာဉ်ငယ်များဖြတ်သန်းလျက်ရှိရာ ယခုလို လူစည်ကားသည့်လမ်းဆုံတွင် မီးပွိုင့်တပ်ဆင်ခြင်းဖြင့် ယာဉ်အန္တရာယ်ကင်းရှင်လာတော့မှာဖြစ်သည့်အတွက်ပြည်သူများမှ ဝမ်းသာလျက်ရှိကြောင်း မီးပွိုင့်တပ်ဆင်နိုင်ရေး ကော်မတီအတွင်းရေးမှူး ဦးယဉ်ကိုဦး ထံမှ သိရှိရသည်။


                
ကျော်သူရ(ပြန်/ဆက်)