နေပြည်တော်  ၂၄  မေ 


ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာသိင်္ဃ ခန်းမတွင် အရာထမ်းငယ် အခြေခံသင်တန်းအမှတ်စဉ်(၈၉)(၉၀)(၉၁)နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ် (၁၇၁)(၁၇၂)(၁၇၃)(၁၇၄)တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီ၌ ကျင်းပရာ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုး တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားသည်။ ဆက်လက်၍ သင်တန်းအမျိုးအစားများအလိုက် စံပြဆု ရရှိသူများကို ဆုများချီးမြှင့်ပြီး သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။


သင်တန်းဆင်းပွဲသို့ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)၊ ကျောင်းအုပ်ကြီး/ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနကြီးမှူး/ပါမောက္ခ(ပညာဌာနမှူး) များ၊ ဌာနမှူး/ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူးများ၊ ဌာနခွဲမှူးများ၊ လက်ထောက်ကထိကများ၊ နည်းပြများနှင့် အရာထမ်းငယ်အခြေခံ သင်တန်းအမှတ်စဉ်(၈၉)(၉၀)(၉၁)နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်းအမှတ်စဉ်(၁၇၁)(၁၇၂)(၁၇၃)(၁၇၄) သို့ တက်ရောက်ကြသည့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယဦးစီးမှူးအဆင့်ရှိ အရာထမ်းငယ် သင်တန်းသား(၁၇၉)ဦး၊ သင်တန်းသူ(၂၄၄)ဦးနှင့် စာရေးအဆင့်ရှိ သင်တန်းသား(၁၆၈)ဦး၊ သင်တန်းသူ(၃၀၆)ဦး စုစုပေါင်း(၈၉၇)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တ(၄)ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။


(သတင်းစဉ်)