နေပြည်တော် ၂၄ မေ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေး အဖွဲ့နှင့် ILO တို့ပူးပေါင်း၍ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်လုပ်ငန်းစဉ် ဖြေလျော့မှု စမ်းသပ်စီမံကိန်းစတင်ခြင်း အခမ်းအနားကို ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၆)၊ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာဝင်းရှိ Awei Metta Hotel Ballroom ၌ မေ ၂၆ ရက်၊ နံနက် ၈ နာရီခွဲတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများ တက်ရောက်သတင်းရယူနိုင်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
မောင်လူမော်