နေပြည်တော် ၂၄ မေ
မောင်တောမြို့နယ်၊ နယ်မြေ(၆)၊ အမှတ် (၄) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ပြင်ဖြူနယ်မြေရုံးမှ ရဲမှူးမြင့်အောင် ဦးစီးတပ်ဖွဲ့ဝင်များသည် မေ ၂၃ ရက် နံနက်ပိုင်းက ရေယာဉ်တပ်ဖွဲ့စု (မောင်တော) မှ ငါးမန်းအမြန် သွားတိုက်ခိုက်ရေးရေယာဉ် အမှတ် (ဝ၀၃) ပါ (၂)စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အမှတ်(၂) နယ်ခြားစောင့်တပ် Taknaf Bop ကင်းစခန်းမှ Subedar Md. Humyon Kabir ဦးစီး တပ်ဖွဲ့ဝင်များသည် စက်တပ်ရေယာဉ် (၂) စီး၊ စုစုပေါင်း (၄) စီးတို့ဖြင့် ကညင်ချောင်းဝနတ်မြစ် အလယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ် (၅) မှ မင်္ဂလာကြီး ချောင်းဝအနီး ရေမိုင်အမှတ်(၈)ထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခြင်းဆောင်ရွက် ကြသည်။
ယင်းနောက် ရေယာဉ်အမှတ်(ဝ၀၃)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
(သတင်းစဉ်)