ဟိုပုံး ၂၄ မေ
Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ အသင်းဝင်တောင်သူများ၏ ဇုန်အလိုက် ၂၀၁၈-၂၀၁၉ ရိတ်သိမ်းရာသီမှ တစ်နှစ်တာအကောင်းဆုံးကော်ဖီ အရည်အသွေး ရွေးချယ်ပြိုင်ပွဲကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ စံဖူးဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က အဖွင့်အမှာစကား ပြောကြားပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲဝင် ကော်ဖီများ၏ အရည်အသွေး မြည်းစမ်းခဲ့ကြကာ ဆုများပေးအပ်ခဲ့ကြကြောင်း သိရသည်။
Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်ကို အသင်းသားဦးရေ (၉၀၅)ဦးဖြင့် ဖွဲ့စည်းထားပြီး ဟိုပုံးမြို့နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်နှင့် မိုင်းပွန်မြို့နယ်တို့မှ ကျေးရွာ (၅၅)ရွာအား ဇုန်(၄၉)ခု သတ်မှတ်ကာ ထုတ်လုပ်လျက်ရှိပြီး၊ ပထမဆုရရှိသည့် ဇုန်သည် ပြင်သစ်နိုင်ငံ Malongo ကုမ္ပဏီ တွင် ကျေးရွာအမည်ဖြင့် ရောင်းချခွင့်ရရှိမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈၀ဝ၀ ရရှိမည်ဖြစ်ကြောင်း သိရသည်။
ထက်ထက်(ဟိုပုံး)