ရိခေါ်ဒါရ် ၂၄ မေ
ချင်းပြည်နယ်၊ ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်မှုဖြင့် ရိရေကန်အတွင်း ငါးမျိုးစိုက်ထည့် ခြင်းကို မေ ၂၄ ရက် နံနက် ၉ နာရီတွင် ရိရေကန် ရေချိုးဆိပ်ကမ်း၌ စုပေါင်းဆောင်ရွက်သည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းကို ချင်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသံချောင်း ဦးဆောင်မှုဖြင့် ဖလမ်းခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးခင်ထွန်း၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းမင်း၊ ဦးစီးအရာရှိ ဦးကျော်မိုးအောင်နှင့် ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၊ ရိခေါ်ဒါရ်မြို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူး ဦးချန့်လျန်နာနှင့် ပြည်သူများမှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရိရေကန်အတွင်း ရွှေဝါငါးမျိုး ကောင်ရေ ၂၀ဝဝဝနှင့် ငါးခုံးမ ငါးသားပေါက်ကောင်ရေ ၃၀ဝဝဝ၊ စုစုပေါင်း ငါးသားပေါက် ကောင်ရေ ၅၀ဝဝဝ စိုက်ထည့်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရိရေကန်အတွင်း ကျက်စားနေထိုင်သည့် ငါးအမျိုးအစားများ သုတေသန ပြုလုပ်ဆောင်ရွက်ခဲ့ရာ ယခင်က ရိရေကန်အတွင်း ငါးအမျိုးပေါင်း (၁၂)မျိုးရှိခဲ့ရာ သုတေသန ပြုလုပ်ချက်အရ ငါးမျိုးပေါင်း (၄)မျိုးထပ်မံတွေ့ရှိ၍ ယခုအခါ ငါးအမျိုးပေါင်း (၁၆)မျိုး တွေ့ရှိရကြောင်း ရိခေါ်ဒါရ် ပြန်/ဆက်မှ သိရ သည်။
MDN