မိတ္ထီလာ ၂၄ မေ

မိတ္ထီလာ၌ ယနေ့ မွန်းလွဲ ၂ နာရီခွဲမှ ညနေ၄ နာရီခန့်ထိ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်  ပြည်သာယာရပ်ကွက်နှင့် ဇောင်ချမ်းကုန်းကျေးရွာ၊ ညောင်ကုန်းရွာ၊ ဂွေးတောက်ကုန်းကျေးရွာ တို့အနီးရှိ  ရန်ကုန်- မန္တလေး ကားလမ်းတစ်လျှောက်တွင် သက်တမ်းရင့်သစ်ပင်ကြီးများ ပြိုလဲကျမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ သစ်ပင်ကြီးများ ပြိုလဲကျမှုကြောင့် ယာဉ်လမ်းပိတ်ဆို့မှုမရှိစေရန်အတွက် ခရိုင်မီးသတ် တပ်ဖွဲ့ဝင်များ၊ မျိုးဆက်သစ်မြတ်ပါရမီ သွေးလှူရှင်ပရဟိတအသင်းဝင်များ၊ ဒေသခံလူမှုရေးအသင်းအဖွဲ့များနှင့်  တာဝန်သိ ဒေသခံပြည်သူများ ဝိုင်းဝန်းစုပေါင်း၍  ပြိုလဲကျသည့် သစ်ပင်သစ်ကိုင်းများအား ရှင်းလင်းဖယ်ရှားခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။ 

ချမ်းသာ (မိတ္ထီလာ)