နေပြည်တော်  ၂၄   မေ 


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုး၊  ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀)၏ မိတ်ဆွေများဖြစ်သော World Food Programme ရုံးမှ ဝန်ထမ်း ၃၁ ဦး၊ တောင်ငူပညာရေးကောလိပ်မှ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ် ပညာသင်တန်း အမှတ်စဉ် (၆/၁၉) သင်တန်းသား၊ သင်တန်းသူများနှင့် ကြီးကြပ်သူ ဆရာ၊ ဆရာမ ၁၀ဝ ဦးတို့သည် အမျိုးသားလွှတ်တော်အစည်းအဝေးသို့ လာရောက်လေ့လာ ကြကြောင်းသိရသည်။


ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေး စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည်စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် (၁၈၇၈၄)ဦး နှင့် ပြည်ပဧည့်သည် (၂၁၄၃) ဦးရှိကြောင်း သိရသည်။


(သတင်းစဉ်)