ဟနွိုင်း   ၂၅  မေ 

 

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းက ဟွန်ကွမ်က ဆားတောင်သူတွေဟာ မျိုးဆက်လိုက် ဆားလုပ်ငန်း လုပ်ကိုင်သူတွေဖြစ်ကြပါတယ်။ ဆားတောင်သူတွေက မနှစ်ကထက် ဒီနှစ် ရာသီဥတုကောင်းဖို့ မျှော်လင့်နေကြပါတယ်။ 

 

000_1


 
ကန်ဟာအိုဒေသတွင်းက ပင်လယ်ကမ်းစပ်မြို့နေ လူတော်တော်များများဟာ ဆားလယ်ကွင်းတွေ အတွင်းမှာ သူတို့ဘဝတွေကို မြှုပ်နှံထားပါတယ်။ အဲဒီဆားကွင်းတွေထဲမှာ အလုပ်လုပ်ကိုနေတဲ့ ငုယင် သန် လိုင်က နေပူထဲမှာ အနည်းဆုံး အနှစ် ၄၀ နီးပါး ဆားလုပ်ငန်း လုပ်ကိုင် ထားတဲ့အတွက် နေလောင်နေပါတယ်။ သူက “ဆားလုပ်ငန်းက ပျော်စရာကောင်းတဲ့ အလုပ်တော့မဟုတ်ဘူး။ သိပ်ပင်းပန်းတဲ့အလုပ်ဖြစ်ပါတယ်။ နေပူချိန်မှာ အလုပ်လုပ်ရပြီး အေးတဲ့ရာသီမှာတော့ အလုပ်နားနေရပါတယ်”လို့ ပြောပါတယ်။ 

 

000_1G

 

ဒီဆားကွင်းက တောင်သူတွေဟာ  နိုင်ငံတွင်းဆားကုန်သည်တွေ ဆားကုန်ကြမ်း ရောင်းပြီး အဲဒီဆားကုန်သည်တွေကနေ အိမ်သုံးဆားထုတ်လုပ်ခြင်း၊ ငါးကို တားရှည်ခံအောင် လုပ်ဆောင်ရာမှာ အသုံးပြုခြင်း၊ ငံပြာရည် ထုတ်လုပ်ခြင်း နဲ့ ဆိုဒါရည်လုပ်ဆောင်ရမှာ အသုံးပြုကြပါတယ်။ 

 

000_1G9

 

ရာသီဥတုသာ ကောင်းမယ်ဆိုရင် ဆားကို ၆ လလောက် ထုတ်လုပ်နိုင်ပြီး မိုးပဲ ရွာနေမယ်ဆိုရင် ဆားတောင်သူတွေ ငတ်သွားနိုင်တယ်။ ဆားထုတ်လုပ်ရေးအတွက် တည်ငြိမ်တဲ့ ရာသီဥတု လိုအပ်ပါတယ်လို့ ဆားလုပ်ငန်းကို အနှစ် ၂၀ နီးပါး လုပ်ကိုင်သူ အသက် ၅၇ နှစ်အရွက် ငုယင်ကွမ်အန် ကပြောပါတယ်။ 

 

000_1G98

 

၂၀၁၄ ခုနစ်က ဗီယက်နမ်အစိုးရက ဆားလုပ်ငန်းကို ခေတ်မီတဲ့ နည်းပညာအသုံးပြုပြီး လုပ်ဆောင်ရန် ၁၅ နှစ်စီမံကိန်း လုပ်ဆောင်ခြင်းအားဖြင့် ဒေသခံဆားလုပ်ငန်းရှင်တွေကို ရာသီဥတု အပေါ်မှီခိုရန်မလိုအောင် လုပ်ဆောင်မယ်လို့ ကတိပေးထားပါတယ်။ 

 

000_1G98

 

ဗီယက်နမ်နိုင်ငံမှာ ၂၀၁၅ ခုနှစ်က ဆားတန်ချိန် ၁ သန်း နီးပါးထုတ်လုပ်ခဲ့ပြီး တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကို တင်ပို့ခဲ့ပါတယ်။ 

 

MDN

 

ကိုးကား - AFP

 

ge 000_1G9