ကျောက်တံခါး ၂၅ မေ
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဖဒိုမြို့အုပ်ချုပ်ရေးမှူးရုံး၌ မေ ၂၄ ရက် ညနေ ၄ နာရီက လေပြင်းတိုက်ခတ်ဒဏ်ခံခဲ့ရသော ကျောက်တံခါးမြို့နယ်အတွင်းမှ လေဘေးသင့်ပြည်သူများထံ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ဘွယ်စေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသိန်းလှအောင်က ထောက်ပံ့ငွေပေးရခြင်းအကြောင်း ရှင်းလင်းပြောကြားကာ မေ ၂၀ ရက်က လေပြင်းတိုက်ခတ်ဒဏ်ခံခဲ့ရသော ကျောက်တံခါးမြို့နယ်အတွင်းမှ လေဘေးသင့်ပြည်သူ ၅၀ဝ ကျော်အား ဆန်ရိက္ခာနှင့်အိမ်/ ကျောင်း ဆောက်လုပ်ရန်အတွက် ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၂၉၈ သိန်း ၆၃၆၀ဝ ကျပ်အား ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
ထို့နောက် ဖဒိုနယ်မြေအတွင်းမှ လေဘေးသင့်ပြည်သူ (၂၁)ဦးအား ထောက်ပံ့ငွေကျပ် ၁၀ သိန်း ၁၇၀ဝ၀ ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိသော ကျောက်တံခါးမြို့နယ်အတွင်းမှ လေဘေးသင့် ပြည်သူများအား ရပ်ကွက်ကျေးရွာ အုပ်စုများအလိုက် ခွဲဝေထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)