နေပြည်တော် ၂၅ မေ 


မေ ၂၄ ရက် နံနက် ၄ နာရီခွဲခန့်က နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် တဲကြီးကုန်းကျေးရွာပါ ၂ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၂ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်းနှင့် ၂၀၁၇ ခုနှစ်တွင် ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသော အောင်စည်သာ-တဲကြီးကုန်း ကျေးရွာသွား အရှည် ၈၀ ပေ၊ အကျယ် ၅ ပေခန့်ရှိ မဲဟော်ချောင်းကူးသစ်သားတံတား ၁ စင်း (ပေ ၆၀ ခန့်) ပြိုကျပျက်စီးခဲ့ရာ တန်ဖိုး ၃၇၂၀ဝ၀ဝ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း၊ အလားတူ နံနက် ၅ နာရီတွင် ပုဗ္ဗသီရိမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဝဲကြီးကျေးရွာပါ ၆ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ် ၁၉ လုံး အမိုးလန်၊ နေအိမ် ၁ လုံး၊ နွားတင်းကုတ် ၁ လုံး ပြိုလဲပျက်စီးခဲ့ရာ တန်ဖိုး ၁၁၀၈၀ဝ၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း၊ အလားတူ နံနက် ၅ နာရီခန့်ကလည်း ဇေယျာသီရိမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် တဲကုန်းကျေးရွာပါ ၅ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၁၀ဝ လုံး အမိုးလန်ပျက်စီးခဲ့ရာ တန်ဖိုး ၁၈၆၀ဝ၀ဝ၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
    

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မေ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုကြောင့် တောင်ပြိုကျေးရွာ၌ သွပ်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ် ၈ လုံး အမိုးလန်၊ သွပ်ဖြင့်ကာရံထားသည့် မူကြိုကျောင်းခြံစည်းရိုး ၁ ခု သစ်ပင်ပိပျက်စီးခဲ့ရာ တန်ဖိုး ၅၅၃၅၀ဝ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
    

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်း မေ ၂၃ ရက် ည ၈ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုကြောင့် သောတာပန် ရပ်ကွက်ပါ ၄ ရပ်ကွက်နှင့် ဇီးချောင်းကျေးရွာပါ ၄ ရွာတို့၌ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ် ၂၅ လုံး၊ ဈေဆိုင်ခန်း ၅ ခန်း၊ စပါးကျီ ၂ လုံး အမိုးလန်၊ စေတီ ၁ ဆူ ထီးတော်တိမ်းစောင်း၊ နေအိမ် ၂ လုံး၊ နွားတင်းကုတ် ၁ လုံး ပြိုလဲ၊ စာသင်ကျောင်း ၁ ကျောင်း၊ သိုးခြံ ၁ ခြံ သစ်ပင်ပိ ပျက်စီးခဲ့ရာ တန်ဖိုး ၁၁၈၀ဝ၀ဝ၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်းနှင့် သစ်ပင်ပိမိ၍ ရွာထောင်ရပ်ကွက်နေ ဦးခင်ဆောင် (စိစစ်ဆဲ)တွင် ခါးပွန်းပဲဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး နွားတင်းကုတ်ပြိုကျမှုကြောင့် နွားထီး ၁ ကောင် သေဆုံးခဲ့ကြောင်း၊ မေ ၂၄ ရက် နံနက် ၇ နာရီ ၅ မိနစ်မှ နံနက် ၈ နာရီအထိ ကလေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် စည်သာကျေးရွာပါ ၁၄ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ် ၃၅ လုံး၊ စာသင်ကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးခဲ့ရာ တန်ဖိုး ၄၅၉၂၀ဝ၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
    အလားတူ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်အတွင်း မေ ၂၄ ရက် ညနေ ၄ နာရီခွဲမှ ညနေ ၅ နာရီ မိနစ် ၄၀ အထိ လေပြင်းတိုက်ခတ်မှုကြောင့် ခေါင်ရမ်းကျေးရွာ၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၁ လုံး သစ်ပင်ပိပျက်စီးခဲ့ရာ တန်ဖိုး ၉၅၀ဝ၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း၊ အလားတူ ည ၆ နာရီမှ ၆ နာရီခွဲအထိ မိုးညိုမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် သိမ်ကုန်းကျေးရွာပါ ၂၆ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ နေအိမ် ၆၁ လုံး အမိုးလန်၊ လူနေအိမ် ၁ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း ပြိုလဲပျက်စီးခဲ့ရာ တန်ဖိုး ၃၀၄၅၂၀ဝ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း၊ အလားတူ ည ၆ နာရီ ၄၅ မိနစ်မှ ၇ နာရီအထိ ရေတာရှည်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် မကျည်းကုန်းကျေးရွာ၌ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ် ၁၂ လုံး၊ စာသင်ကျောင်းရုံးခန်း ၁ ခု၊ စပါးကျီ ၁ လုံး အမိုးလန် ပျက်စီးခဲ့ရာ တန်ဖိုး(စိစစ်ဆဲ) ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
    

အလားတူ ည ၇ နာရီ ၁၀ မိနစ်မှ ၇ နာရီ ၁၅ မိနစ်အထိ အုတ်ဖိုမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းကြီးတန်းရပ်ကွက်နှင့် ကျောင်းစုကျေးရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၃ လုံး အမိုးလန်ပျက်စီးခဲ့ရာ တန်ဖိုး ၁၇၀ဝ၀ဝ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း၊ အလားတူ ည ၇ နာရီခွဲတွင် ရွှေတောင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ရွာသစ်ကုန်း ကျေးရွာပါ ၁၃ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၉၇ လုံး၊ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ စာသင်ကျောင်းအိမ်သာ ၂ လုံး အမိုးလန်၊ နေအိမ် ၁၂ လုံး ပြိုကျပျက်စီးခဲ့ရာ တန်ဖိုး ၆၃၇၄၄၀ဝ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း၊ အလားတူ ည ၇ နာရီခွဲမှ ၇ နာရီ မိနစ် ၄၀ အထိ ပေါင်းတည်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ညောင်ဇင်ကျေးရွာပါ ၃ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၃ လုံး၊ စာသင်ကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးခဲ့ရာ တန်ဖိုး ၆၄၅၆၀ဝ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
    

ထို့ပြင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်း မေ ၂၃ ရက် ည ၆ နာရီခွဲမှ ၇ နာရီခွဲအထိ လေပြင်းတိုက်ခတ်မှုကြောင့် မဟာဇင်ကျေးရွာပါ ၅ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၂၂ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးခဲ့ရာ တန်ဖိုး ၃၇၈၃၀ဝ၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း၊ မေ ၂၄ ရက် နံနက် ၅ နာရီမှ ၅ နာရီ ၁၀ မိနစ်အထိ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အကြည်ကျေးရွာပါ ၄ ရွာတို့၌ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ် ၁၈ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဓမ္မာရုံ ၂ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ အုပ်ချုပ်ရေးမှူးရုံး ၁ ရုံး အမိုးလန်ပျက်စီးခဲ့ရာ တန်ဖိုး ၃၅၅၀ဝ၀ဝ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း၊ အလားတူ နံနက် ၁၀ နာရီခွဲမှ ၁၀ နာရီ မိနစ် ၄၀ အထိ ဂန့်ဂေါမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နှမ်းခါးကျေးရွာပါ ၂ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ် ၇ လုံး အမိုးလန်ပျက်စီးခဲ့ရာ တန်ဖိုး ၁၀၆၀ဝ၀ဝ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။    
    

အလားတူ ညနေ ၅ နာရီ ၅ မိနစ်တွင် တောင်တွင်းကြီးမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သဲကြီးကုန်းကျေးရွာပါ ၅ ရွာတို့၌ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ် ၁၀ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးခဲ့ရာ တန်ဖိုး ၅၆၄၅၀ဝ၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း၊ အလားတူ ည ၆ နာရီ ၁၅ မိစန်မှ ၂၅ မိနစ်အထိ ဆင်ပေါင်ဝဲမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် မှန်ကင်းကျေးရွာ၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၂ လုံး အမိုးလန်ပျက်စီးခဲ့ရာ တန်ဖိုး ၂၂၄၀ဝ၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
    

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း မေ ၂၃ ရက် ည ၈ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ရွှေတုတ်ကုန်း ကျေးရွာပါ ၂ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၁၂ လုံး၊ နွားတင်းကုတ် ၂ လုံး အမိုးလန် ပျက်စီးခဲ့ပြီး မိုးကြိုးပစ်ခတ်မှုကြောင့် နွား ၁ ကောင်၊ ဆိတ် ၈ ကောင်း သေဆုံးခဲ့ရာ တန်ဖိုး ၃၅၆၅၈၀ဝ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း၊   မိတ္ထီလာမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အောင်သာကျေးရွာပါ ၁၄ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၁၃၃ လုံး၊ ဘုန်းကြီးကျောင်း ၃ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း၊ စာကြည့်တိုက် ၁ လုံး၊ နွားတင်းကုတ် ၂ လုံး၊ ဇရပ် ၂ ခု အမိုးလန်ပျက်စီးခဲ့ရာ တန်ဖိုး ၁၁၆၃၀၈၈၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်းနှင့် မေ ၂၄ ရက် ညနေ ၄ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ပြည်သာယာတောင်ရပ်ကွက်ပါ ၄ ရပ်ကွက်နှင့် သဲကုန်းကျေးရွာပါ ၈ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ မြေစိုက် နေအိမ် ၄၀ လုံး၊ အုပ်ချုပ်ရေးမှူးရုံး ၂ ရုံး၊ ဆေးပေးခန်း ၁ ခု၊ ကြက်ခြံ ၁ ခြံ အမိုးလန်၊ စေတီ ၁ ဆူ စိန်ဖူးတော် တိမ်းစောင်း၊ ဓာတ်တိုင် ၂ တိုင် လဲကျပျက်စီးခဲ့ရာ တန်ဖိုး ၃၉၅၃၀ဝ၀ ကျပ်ခန့်ဆုံးရှုံးခဲ့ကြောင်း၊ အလားတူ ည ၉ နာရီတွင် တံတားဦးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ငါးပြားပေးကျေးရွာပါ ၄ ရွာတို့၌ သွပ်မိုး၊ အုတ်ကာ၊ တမံသလင်းခင်း နေအိမ် ၃၂ လုံး အမိုးလန်၊ နေအိမ် ၁ လုံး ပြိုလဲ၊ ဓာတ်တိုင် ၁ တိုင် လဲကျပျက်စီးခဲ့ရာ တန်ဖိုး ၅၆၆၄၀ဝ၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
    


အလားတူ ည ၉ နာရီခန့်က ရမည်းသင်းမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကန်ဦးကျေးရွာပါ ၂၃ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၁၁၉ လုံး၊ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ စာသင်ကျောင်း ၄ ကျောင်း၊  နွားတင်းကုတ် ၂ လုံး၊ ပညာရေးဝန်ထမ်းနေအိမ် ၁ လုံး၊ အမိုးလန်၊ ဓာတ်တိုင် ၈ တိုင် လဲကျပျက်စီးခဲ့ရာ တန်ဖိုး ၁၅၁၀၄၀ဝ၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း၊ မေ ၂၄ ရက် နံနက် ၄ နာရီခွဲခန့်က တောင်သာမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အင်ကြင်းသာတော ကျေးရွာပါ ၃ ရွာတို့၌ ထန်းရွက်မိုး၊ ထန်းရွက်ကာ၊ ဝါးကြမ်းခင်း နေအိမ် ၁ လုံး၊ ဘုရားဆောင်းတန်း ၁ ခု၊ စာသင်ကျောင်း အိမ်သာ ၂ လုံး၊ နွားတင်းကုတ် ၁ လုံး အမိုးလန်၊ နွားတင်းကုတ် ၁ လုံး ပြိုလဲပျက်စီးခဲ့ရာ တန်ဖိုး ၁၂၂၈၀ဝ၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း၊ အလားတူ ည ၉ နာရီတွင် ကျောက်ဆည်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် မြင်းချီနိုင်ကျေးရွာ၌ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ် ၈ လုံး၊ နွားတင်းကုတ် ၁ လုံး အမိုးလန် ပျက်စီးခဲ့ရာ တန်ဖိုး ၃၅၀ဝ၀ဝ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
    

ထို့ပြင် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်အတွင်း မေ ၂၄ ရက် နံနက် ၇ နာရီမှ ၇ နာရီ ၄၅ မိနစ်အထိ လေပြင်းတိုက်ခတ်မှုကြောင့် လွယ်စန်းကျေးရွာပါ ၂ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၄ လုံး၊ စာသင်ကျောင်း ၂ ကျောင်း အမိုးလန်ပျက်စီးခဲ့ရာ တန်ဖိုး ၁၃၀၂၀ဝ၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း၊ အလားတူ မွန်းလွဲ ၃ နာရီတွင် မိုင်းကိုင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကုန်းလိုင်းကျေးရွာ၌ သွပ်မိုး၊ အုတ်ကာ၊ တမံသလင်းခင်း နေအိမ် ၁ လုံး အမိုးလန်ပျက်စီးခဲ့ရာ တန်ဖိုး ၁၄၉၆၀ဝ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း၊ အလားတူ ညနေ ၄ နာရီ ၃၅ မိနစ်ခန့်က ကျိုင်းတုံမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် (၂)ရပ်ကွက်၌ စာသင်ကျောင်း ၁ ကျောင်း သစ်ပင်ပိပျက်စီးခဲ့ရာ တန်ဖိုး ၆၀ဝ၀ဝ၀ဝ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
    

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း မေ ၂၄ ရက် ညနေ ၄ နာရီခွဲမှ ၄ နာရီ ၃၅ မိနစ်အထိ လေပြင်းတိုက်ခတ်မှုကြောင့် ဇဗ္ဗူညွန့်ကျေးရွာ၌ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ် ၃ လုံး အမိုးလန်ပျက်စီးခဲ့ရာ တန်ဖိုး ၅၀ဝ၀ဝ၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း၊ အလားတူ ညနေ ၅ နာရီမှ ၆ နာရီခွဲအထိ အင်္ဂပူမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မကျီးပင်ကွင်းကျေးရွာပါ ၅ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၁၀ လုံး၊ စာသင်ကျောင်း ၁ ကျောင်း အမိုးလန်၊ ကြက်ခြံ ၂ ခြံ ပြိုလဲပျက်စီးခဲ့ရာ တန်ဖိုး ၃၁၉၅၅၀ဝ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။


MDN

 

1