ရန်ကုန် ၂၅  မေ

မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်တွင် နည်းပြချုပ်အဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် ဂျပန်နိုင်ငံ International of the kadokan Judo သင်တန်းကျောင်းမှ ကမ္ဘာ့ရွှေတံဆိပ်ဆုရှင် Mr. Shuji Ohshima သည် မေ ၂၅ ရက် ညပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံဂျူ ဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြကြောင်း သိရသည်။

 

mdn

 

အဆိုပါ ဂျပန်နိုင်ငံမှ Ms. Shuji Ohshima သည် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ပဏာမလက်ရွေးစင် ဂျူဒိုကစားသမားများအား အောင်မြင်မှုရရှိရန် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်စီစဉ်မှုဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

သတင်းနှင့် ဓာတ်ပုံ- အာကာစိုး