ကျိုင်းတုံ ၂၅ မေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မေ (၂၅) ရက် မွန်းလွဲပိုင်းက ကျိုင်းတုံခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူးများ၊ တွဲဖက်ပြည်နယ်ရုံးမှ ဝန်ထမ်းများ၊ ကျိုင်းတုံခရိုင်ရုံးမှ ဝန်ထမ်းများ၏ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ညွန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကျိုင်းတုံခရိုင်ရုံးအတွင်းမှ ကလေးစာဖတ်ခန်း၊ ပြခန်း၊ စာကြည့်တိုက်နှင့် မြေစိုက်နံရံကပ်ပြပုဒ်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျိုင်းတုံခရိုင်၊ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ဝန်ထမ်းများအား မိမိတို့ဌာန၏ လုပ်ငန်းတာဝန်များအပေါ် စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် စေတနာထားပြီး မိမိတို့တတ်နိုင်သမျှ ဆောင်ရွက်သွားကြရန်၊ ဌာနမှ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုအခြေပြုလုပ်ငန်းများ၊ ကလေးစာဖတ်ခန်း၊ ပြခန်းများ၊ စာကြည့်တိုက်လုပ်ငန်းများနှင့် အခြားပြည်သူ့အကျိုးပြု လုပ်ငန်းများအား အရှိန်ဟုန်မြှင့်တင် လုပ်ဆောင်သွားကြရန် မှာကြားသည်။
ထို့နောက် ခရိုင်ဦးစီးအရာရှိ၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများမှ မြို့နယ်အလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား တင်ပြဆွေးနွေးကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)
