မောင်တော ၂၅ မေ

ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန် လေ့ကျင့်မှုပြုလုပ်ခြင်းကို ယနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ထားရှိရာတွင် မြို့နယ်အတွင်း ဖြစ်ပေါ်လာနိုင်မည့် မိုးလေဝသအခြေအနေအား ပြည်သူများထံသို့ အချိန်မီ အသိပေးပြန်ကြားသွားပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်နိုင်ရေးနှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ လေထိုးဘုတ်များနှင့် တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)

 

mdn

 

mdn