မန္တလေး ၂၆ မေ

 


၂၀၁၉ ခုနှစ် နွေရာသီဘောလုံးသင်တန်း အခြေခံနှင့် အဆင့်မြင့်စွမ်းရည်မြှင့်တင်ရေး သုံးပွင့်ဆိုင် လူငယ်ဘောလုံးပြိုင်ပွဲကို အောင်မြေသာစံမြို့နယ် အားကစားကွင်း၌ ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့သည်။

 


ပြိုင်ပွဲသို့ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ နည်းပြဆရာများ၊ ဘောလုံးအားကစား ဝါသနာရှင်များ တက်ရောက်အားပေးခဲ့ကြပြီး လူငယ်ဘောလုံးပြိုင်ပွဲကို အပြာ၊ အနီနှင့် မီးခိုးအသင်းဟူ၍ သုံးသင်းခွဲ ယှဉ်ပြိုင်ကစားခဲ့ကြကာ အပြာအသင်းက ပထမ၊ အနီအသင်းက ဒုတိယနှင့် မီးခိုးအသင်းက တတိယဆု အသီးသီးရရှိခဲ့ကြသည်။ 

 


ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးဝေဇင်က ပထမဆုရ အပြာအသင်းအား ဆုငွေကျပ် ၁၅၀ဝ၀ဝ နှင့် ပထမဆု ဆုတံဆိပ်များ၊ ပထမတံခွန်စိုက်ဆုဖလားကို လည်းကောင်း၊ ဒုတိယဆုရ အနီအသင်းအား မန္တလေးခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးဝင်းမောင်မှ ဒုတိယဆု ငွေကျပ် ၁၀ဝ၀ဝ၀ နှင့် ဒုတိယဆုတံဆိပ်များကို လည်းကောင်း၊ တတိယဆုရ မီးခိုးအသင်းအား စီမံကိန်းဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်နုနုယဉ်မှ ဆုငွေကျပ် ၇၅၀ဝ၀ နှင့် ဆုတံဆိပ်များကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ပြီး ဆုရအသင်းများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 


တင်မောင်(မန်းကိုယ်ပွား)