မိုးညို ၂၆ မေ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ်တွင် မေ ၂၅ ရက် မွန်းလွဲ ၂ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု (၈)အုပ်စု၊ ကျေးရွာ (၂၀)တွင် နေအိမ်(၅)လုံးပြိုလဲခြင်း၊ နေအိမ် အလုံး (၈၀) အမိုးအကာလန်ခြင်း၊ ကျောင်းဆောင် ၂ ဆောင် ထိခိုက်ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု(၈၅)စုမှ လူဦးရေ စုစုပေါင်း (၃၇၅)ဦး ဘေးသင့်ခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး နေအိမ်များအား ပြန်လည်ပြုပြင်ခြင်းအတွက် လိုအပ်သည်များကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာပြည်သူများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။
စန္ဒာလင်း(မိုးညို)