မန္တလေး ၂၆ မေ

 


မန္တလေးစည်ပင်တွင် ဝန်ထမ်းအလုပ်ရမည်ဟုဆိုကာ ငွေကြေးလိမ်လည်တောင်းခံသည့် စည်ပင်ဝန်ထမ်း အမျိုးသမီးတစ်ဦးအား အခုလ ၂၄ ရက်က ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 


ပြီးခဲ့သည့်လပိုင်းက မန္တလေးမြို့တော် စည်ပင်သာရေးကော်မတီက ဝန်ထမ်းအလုပ်ရမည်ဟုဆိုကာ လူ ၃၀ ဦးဆီက ငွေကျပ် လိမ်လည်တောင်းခံသူ အမျိုးသမီအား ရာထူးမှ ထုတ်ပယ်ခြင်း ဖြစ်သည်ဟု သိရသည်။  

 


"သတင်းစာကနေ ဝန်ထမ်းခေါ်စာကြေညာတာကိုသိတော့  ဒီရုံးထဲက စာရေးဝန်ထမ်း အမျိုးသမီးတစ်ယောက်ရယ်  သူ့ရဲ့ယောကျာ်းရယ်က နယ်တွေကိုချိတ်ဆက်ပြီး အလုပ်ကိုရမယ် လျှောက်လွှာတင်ပေးမယ်ဆိုပြီး ပြောတယ်။  နယ်ခံတွေမှာရှိတဲ့ နယ်ခံတွေနဲ့အတူ လျှောက်ချင်တဲ့သူတွေဆီကနေပြီးတော့ ငွေကြေးတောင်းတယ်'' ဟု မန္တလေးမြို့တော် စည်ပင်သာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။ 

 


မိတ္ထီလာ၊ တောင်သာ၊ မြင်းခြံ၊ ပခုက္ကူ၊ ရေစကြို၊ မြောက်ဦး စသည့်ဒေသမှ ဝန်ထမ်းလျှောက်လိုသူ ၃၀ ထံမှ တစ်ဦးလျှင် ငွေကျပ် သုံးသိန်းမှ ငါးသိန်းအထိ တောင်းယူခဲ့ကြောင်း သိရသည်။

 


"ငွေကြေးတစ်စုံတစ်ရာရယူပြီး လုပ်ပေးတဲ့ မသမာမှုကို တွေ့တဲ့အတွက်ကြောင့်မို့လို့ ဒီနေ့ကော်မတီအစည်းအဝေးကနေပြီးတော့ သူ့ကိုရာထူကနေထုတ်ပစ်လိုက်ပြီ'' ဟု မန္တလေးမြို့တော် စည်ပင်သာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။ 

 


ငွေကြေးလိမ်လည်တောင်းခံသည့် စည်ပင်ဝန်ထမ်း အမျိုးသမီးတစ်ဦးအား ရာထူးမှထုတ်ပယ်ခဲ့ကာ အဆိုပါအမျိုးသမီး၏ ယောကျာ်းအား စည်ပင်ဝင်ထွက်ခွင့် ပိတ်ပင်လိုက်ပြီး အမည်ပျက်စာရင်းသွင်းထားကြောင်း သိရသည်။ 

 


လိမ်လည်တောင်းခံထားသည့် ငွေများလည်း ပြန်ပေးခိုင်းခဲ့ကြောင်း သိရသည်။

 


အိမို့မို့ခိုင်