စစ်ကိုင်း ၂၆ မေ
စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက် ရေနံချောင်းချောင်ကျောင်းတိုက်အတွင်းမှ အဆောက်အဦတစ်လုံး ယနေ့ နံနက် ၄ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းခရိုင်မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ အဆောက်အဦမှာ ရေနံချောင်းချောင်ကျောင်းတိုက်အတွင်းရှိ သီလရှင် ဆရာကြီး ဒေါ်ထေရီ (၄၀)နှစ် ဝါတော် (၃၂) ဝါ နေထိုင်သည့် ကျောင်းဖြစ်ပြီး မီးအားမြှင့်စက်အပူလွန်ကဲရာ ဝါယာကြိုးမှ တစ်ဆင့်မီးခုံ ကူးစက်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် ၁၂×၂၀ ပေ အုတ်ခင်း သံဇကာ သွပ်မိုး အဆောက်အဦ တစ်လုံးနှင့် မီးအားမြှင့်စက် တို့မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရေနံချောင်းချောင်ကျောင်းတိုက်မှ သီလရှင် ဆရာကြီး ဒေါ်ထေရီ (၄၀)နှစ်ကို စစ်ကိုင်းမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ကိုမင်း(အင်းတော်)