နေပြည်တော် ၂၆ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းတံတား(မုံရွာ)၊ တိုင်အမှတ်(P 3-4)ကြားတွင် ယနေ့ နံနက် ၈ နာရီခွဲက ဗိုလ်ဇော်အောင်(၁)အမည်ရှိ သစ်သားခွံ သစ်ဖောင်ဆွဲ ရေယာဉ်နှင့် ရတနာ ရွှေဇင်အောင် အမည်ရှိ သံခွံ ကုန်တင်ရေယာဉ်တို့ ချိတ်မိနစ်မြုပ်၍ လူ(၅)ဦး သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကိုမောင်မောင် မောင်းနှင်ကာ ရေယာဉ်လုပ်သား (၁၁)ဦး လိုက်ပါလာသော ဗိုလ်ဇော်အောင်(၁) သစ်ဖောင်ဆွဲရေယာဉ်သည် ရေယာဉ်လုပ်သား(၇)ဦး လိုက်ပါလာသော ရတနာရွှေဇင်အောင် ကုန်တင်ရေယာဉ်အား ဝဲဘက်မှ ကျော်တက်စဉ် တက်မနှင့် ချိတ်မိ၍ သစ်ဖောင်ဆွဲရေယာဉ်မှာ နစ်မြှပ်သွားခဲ့ပြီး ရေယာဉ်ပေါ် လိုက်ပါလာသည့် ရေယာဉ် မောင်း ဆားလင်းကြီးမြို့နယ်နေ ကိုမောင်မောင်၊ တစ်မြို့တည်းနေ ဦးဇာနည်အောင်နှင့် သားဖြစ်သူ မောင်ဖူးသန့်ဇာနည်(၇)နှစ်၊ မောင်ဇွဲသန့်ဇာနည်(၇)လနှင့် ဦးဌေးအောင် (စိစစ်ဆဲ) တို့(၅)ဦး မှာ ရေယာဉ် အတွင်း ပိတ်မိကာ ရေနစ်သေဆုံးသွားကြောင်း သိရှိရသဖြင့် ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN