ဗန်ကောက် ၂၇ မေ
ထိုင်းဝန်ကြီးချုပ်ဟောင်း ပရမ်တင်ဆု လန်နန်ဒါသည် ဗန်ကောက်မြို့ရှိဆေးရုံတစ်ရုံတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း ယမန်နေ့သတင်းများအရ သိရသည်။
အသက် ၉၈ နှစ်အရွယ်ရှိ ဝန်ကြီးချုပ်ဟောင်း ပရမ်တင်ဆု လန်နန်ဒါသည်ထိုင်းနိုင်ငံကို ဒီမိုကရေစီစနစ်စတင်ကျင့်သုံးရန် ပြုစုပျိုးထောင်ပေးခဲ့သည့် ဝန်ကြီးချုပ်တစ်ဦးဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း ပရမ်တင်ဆု လန်နန်ဒါကို ထိုင်းနိုင်ငံတောင်ပိုင်းတွင်မွေးဖွားခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် တိုင်းမှူးအဖြစ် နိုင်ငံတော်တာဝန်များကိုထမ်းရွက်ခဲ့သည်။ နှစ်နှစ်အကြာတွင် ၎င်းအား ပါလီမန်က ဝန်ကြီးချုပ်ရာ ထူးပေးအပ်ခဲ့ပြီး နိုင်ငံတော်တာဝန်များကို ထမ်းရွက်စေခဲ့သည်။
ကွယ်လွန်သွားပြီဖြစ်သော ထိုင်းဘုရင် ဘူမိဘောအဒူယာဒက်၏ ယုံကြည်မှုအပြည့်အဝရရှိထားသော ဝန်ကြီးချုပ်ဟောင်း ပရမ်တင်ဆုလန်နန်ဒါသည် ထိုင်းနိုင်ငံရေး တည်ငြိမ်အေးချမ်းမှုရရှိစေရန် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးစေခဲ့သည်။
၁၉၈၄ ခုနှစ် ထိုင်းနိုင်ငံ၌ စီးပွားရေးပျက်ကပ်ဖြင့် ရင်ဆိုင်နေရချိန်တွင် ထိုင်းဘတ်ငွေတန်ဖိုးကို လျှော့ချပစ်ခဲ့သည်။ ယင်းသို့ ငွေတန်ဖိုးလျှော့ချခဲ့ခြင်းကြောင့် နိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ထွက်ပေါ်လာခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း ပရမ်တင်ဆု လန်နန်ဒါသည် ရှစ်နှစ်ကြာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းရွက်ခဲ့ပြီးနောက် ၁၉၉၈ ခုနှစ်တွင် ဘုရင်ဘူမိဘော၏ မင်းတိုင်ပင်အဖွဲ့အကြီးအကဲအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ဝန်ကြီးချုပ်ဟောင်း ပရမ်တင်ဆု လန်နန်ဒါသည် မေ ၄ ရက်တွင် ကျင်းပခဲ့သည့် ဘုရင်မဟာ ဗာဂျီရာလောင်ကွန်း၏ ထီးနန်းဆက်ခံ ဘိသိက်ခံယူပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ