တိုကျို ၂၇ မေ 

တိုယိုတာမော်တော်ကားကုမ္ပဏီက မြန်မာနိုင်ငံ၌ ကားပစ္စည်းတပ်ဆင်စက်ရုံတစ်ရုံ တည်ဆောက်ရန်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

လူဦးရေ သန်း ၅၀ ကျော်ရှိပြီး စီးပွားရေးဈေးကွက်ချဲ့ထွင်လျက်ရှိသည့် မြန်မာနိုင်ငံအတွင်း  မော်တော်ကားရောင်းချမှုသည် ပိုမိုတွင်ကျယ်လာနိုင်သည်ဟု မျှော်လင့်ရသည်။ သို့ဖြစ်ရာ နိုင်ငံ၏အကြီးဆုံးမြို့ ဖြစ်သည့်  ရန်ကုန်မြို့အနီး သီလဝါအထူးစီးပွားရေးဇုန်၌ စက်ရုံတည်ဆောက်ကာ ပြည်တွင်းဈေးကွက်အတွက် ပစ်ကပ်ကားပစ္စည်းတပ်ဆင်မှု  ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များတွင် ဖော်ပြသည်။

တိုယိုတာကားကုမ္ပဏီသည်  နှစ်စဉ်နှစ်တိုင်း ထရပ်ကား ထောင်ပေါင်းများစွာကို   ထုတ်လုပ်ရန်အတွက်  ဒေါ်လာသန်း ပေါင်းဆယ်ချီ၍  ရင်းနှီးမြှုပ်နှံလျက်ရှိသည်ကို တွေ့ရသည်။ ယင်းကုမ္ပဏီသည် ယခုနှစ်တွင်  တည်ဆောက်ရေး စတင်လုပ်ဆောင်ရန် စီစဉ်ထားသည်။ မြန်မာနိုင်ငံအတွင်း ဂျပန်မော်တော်ကား ကုမ္ပဏီဖြစ်သည့်  ဆူဇူကီးကားပစ္စည်း    တပ်ဆင်စက်ရုံတစ်ခုလည်းရှိပြီး   ဈေးကွက်ရှယ်ယာ  ၅၀ ရာခိုင်နှုန်းကျော်ခန့်အထိ   ရရှိထားသည်။

တောင်ကိုရီးယား မော်တော်ကားကုမ္ပဏီများသည်လည်း ပြည်တွင်းထုတ်လုပ်မှုကို   စတင်ဆောင်ရွက်နေသည်ဟု သိရသည်။ မြန်မာအစိုးရသည်  ပြည်တွင်းထုတ်လုပ်မှုကို ကူညီအားပေးရန်နှင့် နိုင်ငံ၏မော်တော်ကားထုတ်လုပ်မှု  ဖွံ ဖြိုးတိုးတက် လာစေရန်အတွက်  ဆောင်ရွက်လျက်ရှိသည်။

အင်န်အိတ်ချ်ကေ