ထရီပိုလီ ၂၇ မေ
လစ်ဗျားနိုင်ငံအရှေ့ပိုင်းတွင် အခြေစိုက်ထားသည့်တပ်ဖွဲ့က ယခုလအစောပိုင်းတွင် ဖမ်းဆီးခဲ့သည့် လစ်ဗျားသတင်း ထောက်နှစ်ဦးအား ပြန်လွှတ်ပေးခဲ့မှုကို လစ်ဗျားရှိ ကုလသမဂ္ဂအထောက်အကူပြု မစ်ရှင်အဖွဲ့ (UNSMIL) က ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရသည်။
လစ်ဗျား အယ်လ်အာရာ ရုပ်မြင်သံ ကြားမှ သတင်းသမားနှစ်ဦးဖြစ်သည့် မိုဟာမက် အယ်လ်ကွာဂျ်နှင့် မိုဟာမက် အယ်လ်ရှီ ဘာနီတို့ကို ပြန်လွှတ်ပေးခဲ့မှုနှင့် သတင်းသမားနှစ်ဦး ဇင်တန်ရှိ ၄င်းတို့၏မိသားစုဝင်များထံ ဘေးကင်းစွာပြန် လည်ရောက်ရှိလာမှုအတွက် ကုလသမဂ္ဂ အထောက်အကူပြုမစ်ရှင်အဖွဲ့က ဂုဏ်ပြု ကြိုဆိုကြောင်း အဖွဲ့ကပြောကြားခဲ့သည်။
ထို့ပြင်မစ်ရှင်အဖွဲ့သည် လစ်ဗျားရှိ အခြားဖမ်းဆီးထိန်းသိမ်းခံထားရသူများကိုလည်း ချက်ချင်းလွှတ်ပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ကြောင်း ဖြည့်စွက်ပြော ကြားခဲ့သည်။ သတင်းသမားနှစ်ဦးတို့သည် နိုင်ငံအရှေ့ပိုင်းတွင် အခြေစိုက်ထားသည့် တပ်ဖွဲ့နှင့် ကုလသမဂ္ဂကျောထောက် နောက်ခံပေးထားသည့် အစိုးရအင်အား စုများအကြား တိုက်ပွဲများ ဖြစ်ပွားချိန်တွင် မေ ၃ ရက်က ထရီပိုလီတောင်ပိုင်း၌ ပျောက်ဆုံးသွားခဲ့သည်။
နောက်ပိုင်းတွင် ၄င်းတို့ကို ထရီပိုလီမြို့မှ ၈၉ ကီလိုမီတာခန့် ကွာဝေးသည့် တာဟူနာမြို့တွင် အကျဉ်းချထားကြောင်း အတည်ပြုခဲ့သည်။ လစ်ဗျားအာဏာရှင် ခေါင်းဆောင် ကာလီဖာဟက်ဖ်တာ ဦးဆောင်သည့် တပ်ဖွဲ့သည် ထရီပိုလီမြို့ ကို အစိုးရလက်မှ ပြန်လည်ရယူနိုင်ရန် အတွက် ဧပြီလအစောပိုင်းမှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။ တိုက်ပွဲများကြောင့် ပြည်သူ ၅၁၀ သေဆုံးခဲ့ပြီဖြစ်ပြီး ၂၄၆၇ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဆင်ဟွာ