ညောင်ဦး ၂၇ မေ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် ကျေးရွာ(၇)ရွာ၌ ကျေးလက်မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်းရုံး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်လျှပ် စစ်မန်နေဂျာရုံးအနေဖြင့် မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ ၂၄ နာရီလျှပ်စစ်မီး အသုံးပြုနိုင်ရေးအတွက် ဘဏ္ဍာနှစ် အလိုက် ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးဘတ်ဂျတ်ခွင့်ပြုရန်ပုံငွေဖြင့် ညောင်ဦးမြို့နယ် အေးရွာကျေးရွာ၊ ထနောင်းဝင်းကျေးရွာ၊ တောရွာကျေးရွာ၊ ကံကြီးကုန်းကျေးရွာ၊ ဂျိုးကန်ကျေးရွာ၊ ရွှေကဗြူးကျေရွာ၊ စန်းကန်ကျေးရွာ၊ စုစုပေါင်း ကျေးရွာ(၇)ရွာ အား ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး အဆိုပါ မီးလင်းရေးလုပ်ငန်းများကို တင်ဒါအောင်မြင်သည့် မြန်ပြည်ထွန်းကုမ္ပဏီမှ ဧပြီလကုန်ပိုင်းက စတင်၍ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေကြောင်း သိရ သည်။

တင်ဒါအောင်မြင်သည့် မြန်ပြည်ထွန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် ကျေးလက်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း၊ ဒုတိယမြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဝင်းထိန်နှင့် တာဝန်ရှိသူများက ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေဖြင့် အေးရွာကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း (၂)မိုင် တည်ဆောက်နေမှုလုပ်ငန်း၊ တောရွာကျေးရွာ၌ ၁၁ ကေဗွီ ဓာတ်အားလိုင်း (၂)မိုင်နှင့် ၁၁/ဝ.၄ ကေဗွီ၊ ၁၀ဝ ကေဗွီအေ ထရန်စဖော်မာတစ်လုံး တည်ဆောက်နေမှုလုပ်ငန်းနှင့် ကံကြီးကုန်းကျေးရွာတွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း (ဝ.ဝ၃)မိုင်နှင့် ၁၁/ဝ.၄ ကေဗွီ ၊ ၂၀ဝ ကေဗွီအေ ထရန်စဖော်မာတစ်လုံး တည်ဆောက်နေမှုလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးရာ မြန်ပြည်ထွန်းကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးကိုထက် က လတ်တလော ဆောင်ရွက်နေမှုနှင့် တင်ဒါပါစည်းကမ်းချက်များနှင့်အညီ လုပ်ငန်း အရည်အသွေးပြည့်မီရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တာဝန်ခံ အင်ဂျင်နီယာ၏ ရှင်းလင်းတင်ပြချက်များအပေါ် ကျေးလက်နေပြည်သူများ လျှပ်စစ်မီးအမြန်သုံးစွဲခွင့်ရရှိစေရန်နှင့် သတ်မှတ် စံချိန်စံညွှန်များနှင့်အညီ လုပ်ငန်းပြီးစီးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)