၂၇ မေ
အမေရိကန်ပြည်ထောင်စုတောင်ပိုင်း၊ အိုကလာဟိုမားပြည်နယ်တွင် မေလ ၂၅ ရက်နေ့က တော်နေးဒို လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူပေါင်း ၂ဦးသေဆုံးခဲ့ပြီး ၂၉ဦး ဒဏ်ရာရရှိခဲ့သည်။
အယ်ရီနိုမြို့ရှိ ပန်းခြံအတွင်း နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသန္တရ အာဏာပိုင်များက ပြောကြားခဲ့သည်။ မိုတယ်အတွင်း တည်းခိုနေသည့် ဧည့်သည်များအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၄င်းတို့က ပြောကြားခဲ့သည်။
အပျက်အစီးများအောက်တွင် ရောက်နေသည့်ပုံများကို ဗွီဒီယိုဖိုင်တွင် ပြသထားသည်။ အပျက်အစီးများအောက်တွင် ပိတ်မိခြင်းရှိ မရှိကို အရေးပေါ်ကယ်ဆယ်ရေးသမားများက ကြည့်ရှုစစ်ဆေးနေသည်ဟု ဆိုသည်။
ယခုလလယ်တွင်လည်း အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းဒေသနှင့် တောင်ပိုင်းဒေသတို့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်