၂၇  မေ

 

သြဂုတ်လအတွင်းတွင် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့သည် ကြေညာချက်အချို့ကို ထုတ်ပြန်ဖွယ်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

 

ိ္ိ

 

နှစ်နိုင်ငံလုံးအတွက် ကောင်းမွန်သည့် ကြေညာချက်အချို့ကို သြဂုတ်လအတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း ထရန့်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တိုကျိုမြို့တွင် ကျင်းပသည့် အစည်းအဝေးအတွင်း မီဒီယာများကို ပြောကြားခဲ့သည်။

 

တိုကျိုနှင့်ဝါရှင်တန်ကြား ကုန်သွယ်မှုတွင် မညီမျှမှုကို ဖြေရှင်းမည့် ကိစ္စရပ်များ အမေရိကန်ပြည်ထောင်စုက လုပ်ကိုင်နေကြောင်း ထရန့်က ပြောကြားခဲ့သည်။

 

နတန

 

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့်  ထရန့်၏ လေးရက်ကြာခရီးစဉ်အတွင်း ထရန့်နှင့် အာဘေးတို့သည် အင်္ဂါနေ့မှ စပြီး အစည်းအဝေးပွဲကာလအတွင်း စစ်ရေး၊ ကုန်သွယ်ရေးနှင့် မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး အဓိထား ဆွေးနွေးမည်ဖြစ်ကြောင်း ထရန့်က ပြောကြားသည်။

 

ဇွန်လအတွင်း ဂျပန်နိုင်ငံအနောက်ပိုင်း အိုဆာကာတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးတွင် အောင်မြင်ရန်အတွက် နှစ်နိုင်ငံခေါင်းဆောင်များသည် အနီးကပ်ညှိနှိုင်း ဆွေးနွေးမည်ဖြစ်ကြောင်း အာဘေးက ပြောကြားသည်။

 

ကိုးကား-ကျိုဒို

ဘာသာပြန်-မေဇော်ထက်

 

နိ္တ