၂၇ မေ
ဂျပန်ဧကရာဇ်ဘုရင်သစ် နာရူဟီတိုသည် မေလ ၁ ရက်နေ့က ထီနန်းဆက်ခံပြီးနောက် ပထမဆုံးဧည့်သည်တော် ဖြစ်သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ယနေ့တွေ့ဆုံ ခဲ့ကြောင်း သိရသည်။
ဂျပန်ဧကရာဇ်နှင့် မိဖုရားတို့က သမ္မတ ထရန့်နှင့် တွေ့ဆုံပြီး တွေ့ရတာဝမ်းသာပါကြောင်း ပြောကြားခဲ့သည်ဟု အင်ပါယာအိမ်တော် အေဂျင်စီ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ ၎င်း၏အမျိုးသမီး အာကီ နှင့် အခြားဧကရာဇ်မိသားစုဝင်များလည်း ပါဝင်ခဲ့ကြသည့် ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်ရန် နန်းတော်ဝင်း ရှိကော်ဇောနီအတိုင်း လမ်းလျှောက်ခြင်းမပြုမီ ဧကရာဇ်နှင့် မိဖုရားသည် သမ္မတ ထရန့်နှင့် လက်ဆွဲနှုတ်ဆက်ပြီး အပြန်အလှန်နှုတ်ခွန်းဆက်စကားကို စကားပြန်မပါဘဲ ပြောဆိုခဲ့ကြကြောင်း ဖော်ပြထားသည်။
အဆိုပါ အခမ်းအနားတွင် သမ္မတထရန့်နှင့် ဇနီးတို့သည် စင်မြင့်တစ်ခုပေါ်တွင် ရပ်ကာ ဂုဏ်ပြုတပ်ဖွဲ့နှင့် နှစ်နိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် တီးမှုတ်ကြိုဆိုမှုကို လက်ခံခဲ့ကြသည်။
ထို့နောက် ထရန့်သည် ဂျပန်ဧကရာဇ်၊ မိဖုရားတို့နှင့် နန်းတော်အတွင်းတွင် တခမ်းတနား တွေ့ဆုံခဲ့ကြသည်။
ဝန်ကြီးချုပ် အာဘေး ကမ်းလှမ်းခဲ့သည့် ထရန့်၏ လေးရက်ကြာ ပြည်နယ်ခရီးကို သမိုင်းဝင်သော ခရီးစဉ်အဖြစ် အာဘေးက ဖော်ပြခဲ့သည်။
ဆယ်စုနှစ်သုံးစုကြာ ဧကရာဇ် တာဝန်ယူခဲ့ပြီး ဧပြီ ၃၀ ရက်နေ့တွင် ဖခင်ဖြစ်သူ အကီဟီတို မှ ထီးနန်းလွှဲပြောင်းပေးကာ ဧကရာဇ် ဘုရင်သစ် နာရူဟီတို နန်းတက်လာခဲ့သည်။
ဂျပန်ဧကရာဇ်အဖြစ်မှ မိမိအလိုအလျောက် နန်းစွန့်ခြင်းသည် နှစ်ပေါင်း ၂၀ဝ ကျော်တွင် ပထမဆုံး နန်းစွန့်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား - ကျိုဒိုနယူး
ဘာသာပြန် - မြင့်မြင့်ချို