၂၇ မေ

 


အာဖဂန်နစ္စတန် အရှေ့ပိုင်း Paktia ပြည်နယ်တွင် လုံခြုံရေးဂိတ်တစ်ခုကို တာလီဘန်စစ်သွေးကြွများ ညအချိန် စီးနင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အာဖဂန်ရဲတပ်ဖွဲ့ဝင် လေးဦးအထက် သေဆုံးပြီး အခြားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ယနေ့ပြောကြားခဲ့သည်။   

 


Dand Wa Patan ခရိုင်ရှိ Saifullah စစ်ဆေးရေးဂိတ်ကို စစ်သွေးကြွများ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ယင်းတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 


ထိုတိုက်ခိုက်မှု ဖြစ်ပွားရာနေရာသည် ပါကစ္စတန် နယ်စပ်အနီး ဒေသ၏ အရှေ့မြောက်ဘက် ရှိ အစွန်အဖျားအရပ်တွင်တည်ရှိသည်။

 


တာလီဘန်စစ်သွေးကြွအုပ်စုက အဆိုပါ တိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 


ယင်းတိုက်ခိုက်မှုဖြစ်ပွားစဉ်အတွင်း တာလီဘန်စစ်သွေးကြွနှစ်ဦး သေဆုံးခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

 


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို