၂၇ မေ

 

သီရိလင်္ကာနိုင်ငံမှာ  အီစတာပွဲတော်နေ့ က ဇိမ်ခံဟိုတယ်နဲ့ ခရစ်ယာန်ဘုရားကျောင်းများကို အသေခံဗုံးခွဲတိုက်ခိုက်ခံရအပြီး အစ္စလာမ်အစွန်းရောက်များကို ဖြိုခွဲရေးအတွက် လေးရက်ကြာ စီမံကိန်းအတွင်းမှာ သံသယရှိသူ ၁၀ဝ နီးပါးကို ဖမ်းဆီးထားကြောင်း အာဏာပိုင်တွေက မနေ့က ပြောကြားပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ လူပေါင်း ၂၅၈ ဦးသေဆုံးခဲ့ရာ မြို့တော် ကိုလံဘိုနဲ့ တခြားမြို့တွေမှာ စစ်သား ၃၀ဝ၀ နီးပါး တပ်ဖြန့်ချပြီး စစ်သွေးကြွတွေကို ရှာဖွေဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်တွေက ဆက်ပြောပါတယ်။

 

မြို့တော်ကိုလံဘိုရဲ့ နေရာတော်တော်များများကို အဓိကနေရာဖြစ် သတ်မှတ်ပြီး စစ်အင်အားသုံးပြီး ရှာဖွေခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အရေးပေါ်အခြေအနေကို နောက်ထပ် ရက် ၃၀ ထပ်တိုးထားပါတယ်။

 

သီရိလင်္ကာနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင် ၇.၆ ရာခိုင်နှုန်း၊  မူဆလင် ၁၀ ရာခိုင်နှုန်း နဲ့ ဗုဒ္ဓဘာသာ အများစုနေထိုင်ကြပါတယ်။

MDN

ကိုးကား - AFP