နေပြည်တော်  ၂၇   မေ 

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်မောင်သည် မန္တလေးဟိုတယ်နှင့် သက်မွေးပညာသင်တန်းကျောင်း (Mandalay Hotel & Vocational Training Institute - MHVTi) မှ သင်တန်းသား/ သင်တန်းသူ (၁၀၉) ဦး၊ သင်တန်း ဆရာ/ဆရာမများနှင့် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံးရှိ ကျောက်စိမ်းခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ကျွမ်းကျင်ဝန်ထမ်းနှင့် လူ့စွမ်းအားအရင်း အမြစ်လိုအပ်မှု မြင့်မားလျက်ရှိရာ ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ဤဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ ပုဂ္ဂလိက သင်တန်းကျောင်းများ၊ အခမဲ့သင်တန်းကျောင်းများနှင့် နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများ၏ ပေါင်းစပ်ကူညီမှုများ ရယူကာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းသား/သင်တန်းသူများ အနေဖြင့် မိမိတို့၏ သက်မွေး ဝမ်းကျောင်းလုပ်ငန်းအတွက် ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ကြိုးစားဆောင်ရွက်ရင်း နိုင်ငံနှင့်လူမျိုးပုံရိပ်ကိုမြှင့်တင်နိုင်မည့် ကျွမ်းကျင်ပညာရှင်များဖြစ်စေရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက် ရေးအတွက် ဝန်ကြီးဌာနကဆောင်ရွက်လျက်ရှိသော Digital Marketing အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းသား/သင်တန်းသူများက ဝန်ကြီးဌာနနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်း ကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားသည်။ ထို့နောက် မန္တလေးဟိုတယ်နှင့် သက်မွေးပညာသင်တန်း ကျောင်းမှ တာဝန်ရှိသူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

 

အဆိုပါ မန္တလေးဟိုတယ်နှင့် သက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူများနှင့် ဆရာ/ ဆရာမများ၏ နေပြည်တော်ခရီးစဉ်အတွင်း လွှတ်တော်အဆောက်အဦများ၊ Kanpinski Hotel နှင့် Hilton Training School များသို့ လှည့်လည်လေ့လာခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)

 

ge 27.5.2