နေပြည်တော် မေ ၂၇
ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စိီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ တတိယ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို မေ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ရုံးအမှတ် (၇) ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနတို့၏ တတိယ(၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှု များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို မေ ၃၁ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ရုံးအမှတ် (၇) ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)