နေပြည်တော်  ၂၇  မေ 

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံရေးသီတင်းပတ်အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင်  နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာရှိဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ နေပြည်တော်ပညာရေးမှူး၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သက်ဆိုင်ရာတာဝန်ရှိ သူများတက် ရောက်ကြသည်။

 

ရှေးဦးစွာ နေပြည်တော်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက“ပညာသည်သာရတနာ” သီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီး ဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရာတွင် အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)ကိုရေးဆွဲ၍ အခြေခံပညာရေး၊ နည်းပညာ နှင့်သက်မွေးပညာရေး၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး၊ အဆင့် မြင့်ပညာရေး၊ ဆရာအတတ်ပညာရေးစသဖြင့် နယ်ပယ်(၉)ရပ်နှင့် ဦးစားပေး ဆောင်ရွက်ရမည့်လုပ်ငန်း(၁၂) ရပ်တို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ရာတွင် ကျောင်းနေအရွယ်ကလေးတိုင်းမည် သည့်ခွဲခြားမှုမျှမရှိဘဲ ပညာသင်ယူခွင့်ရရှိစေရေး၊ မည်သူတစ်ဦးတစ်ယောက်မျှမကျန်ရှိစေရေး၊ ကျောင်းနေမြဲ၍ ကျောင်းထွက်သူမရှိစေရေးစသည့်မူဝါဒများ ချမှတ်ဆောင်ရွက် နေပါကြောင်း၊ ကျောင်းနေအရွယ် ကလေးတိုင်းမသင်မနေရအခမဲ့ ပညာရေးစနစ်ကို ချမှတ်ဆောင်ရွက်ကာကျောင်းအပ်နှံနှုန်းမြင့်မားရေးဆောင်ရွက်လျက်ရှိပါကြောင်း။ 

 

ကျောင်းသားကျောင်းသူများအား (၂၁) ရာစုကျွမ်းကျင်မှုများဖြစ်သည့် စဉ်းစားဝေဖန် တွေးခေါ်နိုင်ခြင်း၊ တီထွင်ဖန်တီးနိုင်ခြင်း၊ ပူးပေါင်းပါဝင် ဆောင်ရွက် နိုင်ခြင်း၊ ပြေပြစ်စွာဆက်သွယ်ဆက်ဆံနိုင်ခြင်း၊ စူးစမ်းလေ့လာမှုကို အခြေခံကာ ပြဿနာ ဖြေရှင်းခြင်း၊ တရားမျှတစွာနှင့်ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်နိုင်ခြင်း အစရှိသည့် ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများရရှိစေရန် အခြေခံပညာ သင်ရိုးညွှန်းတမ်းများကို ပြုပြင်ပြောင်းလဲဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်သက် တာ သင်ယူနိုင်မည့် ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် ကျောင်းအုပ်၊ ဆရာ ဆရာမများ နှင့်ဝိုင်းဝန်းပူးပေါင်း ဆွေးနွေးဆောင်ရွက် စေလိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အခမဲ့ဗလာစာအုပ်များနှင့် ပုံနှိပ် စာအုပ်များကို ပေးအပ်ရာ ဒက္ခိဏသီရိမြို့နယ်ပညာရေးမှူး၊ ဇမ္ဗူသီရိမြို့နယ်ပညာရေးမှူး တို့က လက်ခံရယူကြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းကအခမဲ့ဗလာ စာအုပ် များနှင့် ပုံနှိပ်စာအုပ်များကိုပေးအပ်ရာ မြို့နယ်ပညာရေးမှူးများက လက်ခံရယူကြ သည်။

 

ယင်းနောက် ပျဉ်းမနားမြို့နယ် အမှတ်(၅) အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “ပညာပန်းခင်း” ဖြင့် သီဆို ဖျော်ဖြေကြသည်။

 

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များက အခမဲ့ဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များကိုပေးအပ်ရာသက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ် ကြီးများကလက်ခံရယူကြသည်။

 

ထို့နောက် ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “တို့အင် တို့အား” သီချင်းဖြင့် သီဆိုဖျော်ဖြေကြ သည်။

 

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်သက်ဆိုင်ရာ တာဝန်ရှိ သူများသည်  စာသင်ခန်းအလိုက် ကျောင်းအပ်လက်ခံနေမှုများနှင့် ပြခန်းများအား လိုက်လံအားပေးကြည့်ရှု၍ ကျောင်းသားကျောင်းသူများနှင့်မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)

 

ge DSC03