ပွင့်ဖြူ  ၂၈ မေ   


မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားမှုများ ကင်းဝေးစေပြီး သန့်ရှင်းလတ်ဆတ်သော အသား၊ ငါးနှင့် နို့ထွက်ပစ္စည်းများ ပိုမို ထုတ်လုပ်လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် တိရစ္ဆာန်ပြုစုစောင့်ရှောက်ရေး ကာကွယ်ဆေးထိုးသင်တန်းဆင်းပွဲကို မေ ၂၇ ရက်  မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 


သင်တန်းဆင်းပွဲတွင် ပွင့်ဖြူမြို့နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌ ဦးစောလွင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးက သင်တန်းသား များအနေဖြင့် သင်တန်းမှ ပို့ချသင်ကြားပေးခဲ့သည့် အခြေခံတိရစ္ဆာန်ပြုစုစောင့်ရှောက်ရေး ကာကွယ်ဆေး ထိုးနည်းစနစ် များကို လက်တွေ့အသုံးချကာ မြို့နယ်အတွင်း တိရစ္ဆာန်များကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြစေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားကာ သင်တန်းသားတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ 


သင်တန်းတွင် ကျွဲ၊ နွား တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ခွာနာလျှာနာရောဂါ ၊ ပေါင်ပုပ်လက်ပုပ်ရောဂါ ၊ ဒေါင့်သန်း ရောဂါတို့နှင့် စပ်လျဉ်းသည့် ကာကွယ်ဆေး ထိုးနည်းစနစ်များ ၊ ခွေးရူးကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ၊ ဆိတ် ၊ ဝက် ၊ ကြက်၊ ဘဲနှင့် ပတ်သက်သည့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို မေ ၂၂ ရက်မှ ၂၆ ရက်အထိ ငါးရက်ကြာ စာတွေ့ လက်တွေ့ စနစ်တကျ ပို့ချသင်ကြားပေးခဲ့ပြီး မြို့နယ်အတွင်း ကျေးရွာပေါင်း ၂၀ မှ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ သင်တန်းသား ၂၀ တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရဲဝင်းနိုင် (ညောင်ဦး) 

 

1