မင်းတုန်း  ၂၈ မေ


မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် မေ ၂၇ ရက်  ညနေပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၇ လုံး၊ မူ/လွန်ကျောင်းဆောင် ၂ ဆောင် အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

1


လေပြင်းတိုက်ခတ်မှုကြောင့် မင်းတုန်းမြို့နယ် ငါးပုန်ကုန်းကျေးရွာတွင် လူနေအိမ် ၅ လုံး၊ မူလွန်ကျောင်းဆောင် ၂ ဆောင်၊ စမ်းကြီးကျေးရွာတွင် လူမနေသော အိမ် ၁ လုံးနှင့် သော်မောင်ကျေးရွာတွင် နေအိမ် ၁ လုံးတို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။


အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။


မြင့်ရွှေ(ပြန်/ဆက်)

 

1