ပဲခူး ၂၈ မေ
MYANMAR NEW MENGSHENG SHOES ဖွင့်ပွဲ အခမ်းအနားကို မေ ၂၇ ရက် နံနက် ၉ နာရီခွဲက ပဲခူးမြို့ ဥဿာမြို့သစ်(၉)ရပ်ကွက်၊ ခရေလမ်း၊ အကွက်အမှတ်(၂၃) ပြည်တွင်းစက်မှုဇုံနယ်မြေ ညောင်အင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံ တည်ထောင်ဖွင့်လှစ်သည့်အတွက် ကျေးဇူးတင်ပါကြောင်း နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး Nipoon Steelကုမ္ပဏီမှ တာဝန်ရှိသူနှင့် MYANMAR NEW MENGSHENG SHOES စက်ရုံ မန်နေးဂျင်း ဒါရိုက်တာ Mr. Boping Zhouတို့က စက်ရုံ၏အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် MYANMAR NEW MENGSHENG SHOES ဖိနပ်စက်ရုံအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း၊ MYANMAR NEW MENGSHENG SHOES စက်ရုံ မန်နေးဂျင်းဒါရိုက်တာ Mr. Boping Zhou နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ MYANMAR NEW MENGSHENG SHOES စက်ရုံသည် တရုတ်နိုင်ငံအခြေစိုက်စက်ရုံဖြစ်ပြီး မြန်မာနိုင်ငံတွင် လှိုင်သာယာစက်မှုဇုံနှင့် ပဲခူးစက်မှုဇုံတို့တွင် စက်ရုံတည်ထောင်ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ပဲခူးစက်မှုဇုံတွင် ဖွင့်လှစ်သောစက်ရုံအနေဖြင့် ဒေသခံပြည်သူ(၁၀ဝ၀)ဦးကျော်အား အလုပ်အကိုင် အခွင့်အလမ်းများပေးနိုင်ပြီး စက်ရုံအတွက်ကုန်ကြမ်းပစ္စည်းများအား တရုတ်နိုင်ငံမှ မှာယူတင်သွင်းပြီး ထွက်ရှိလာသည့်ကုန်ချောအိမ်တွင်းစီးဖိနပ်မျိုးစုံအား တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ကို ထုတ်လုပ်တင်ပို့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)