ညောင်လေးပင် ၂၈ မေ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ မြို့မ(၂)ရပ်ကွက်၊ ကျောင်းကြီးလမ်းထိပ်တွင် မေလ ၂၇ ရက် နံနက် ၅ နာရီခွဲအချိန်ခန့်က အရုဏ်ဆွမ်းခံကြွသည့် သံဃာတော်သုံးပါးအား သုံးဘီးဆိုင်ကယ်တစ်စီးမှ အရှိန်လွန် ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြို့(၂)ရပ်ကွက်၊ ကျောင်းကြီးလမ်းထိပ် ညောင်လေးပင်-မဒေါက်လမ်းမပေါ်တွင် မဒေါက်မြို့ဘက်မှညောင်လေးပင်မြို့ဘက်သို့ ပြည့်ပိုင်စိုး မောင်းနှင်၍ နောက်တွင် ၎င်း၏ဇနီးဖြစ်သူ လိုက်ပါလာသော လိမ္မော်ရောင်သုံးဘီးဆိုင်ကယ် ယာဉ်သည် ရှေ့နောက်တန်း၍ ဆွမ်းခံကြွနေသော ဦးဇင်းသုံးပါးအား နောက်မှဝင်ရောက်တိုက်မိရာ ဦးဇင်းသုံးပါးမှာ ဒဏ်ရာအသီးသီး ရရှိ၍ ညောင်လေးပင်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
ယာဉ်တိုက်မှုကြောင့် သံဃာနှစ်ပါးမှာ (မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ပြီး ဆရာတော် ဦးနန္ဒိယ သက်တော်(၆၂)နှစ်တွင် (အတွင်းလူနာ/စိုးရိမ်ရ)ဖြင့် သတိမေ့နေခဲ့ကြောင်း သိရှိရ၍ သုံးဘီးဆိုင်ကယ်ယာဉ်မောင်းနှင်သူ ပြည့်ပိုင်စိုး အား ညောင်လေးပင်မြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ကိုလွင်(ဆွာ)