မြောက်ဦး ၂၈  မေ 


မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို  ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်ရွှေက မူးယစ်ဆေးဝါးသုံး စွဲမှုကြောင့်ဖြစ်ပေါ်လာသော စိတ်ကျရောဂါ၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါ၊ ထုံနာ၊ ကျင်နာ၊ အကြောသေ ရောဂါ၊ မှတ်ဉာဏ်ချို့ယွင်းခြင်းနှင့် မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း အစရှိသော စိတ်ပိုင်းဆိုင်ရာဆိုးကျိုး များနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအကြောင်းကို ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်ကလေးငယ် (၁၅)ဦးထဲမှ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရှိရသည်။


MDN