ကဝ ၂၈ မေ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ကဝမြို့နယ် ရှမ်းကန်ကျေးရွာအုပ်စုရှိ ဘက်စုံအဆင့်မြင့်နည်း ပညာသုံး စံပြကျေးရွာတွင် ဆောင်ရွက်မည့် တောင်သူများအား မျိုးစပါးနှင့် သစ်စိမ်းမြေဩဇာများကို တောင်သူများလက်ဝယ်သို့ ကဝမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းမှ ပေးအပ်ခဲ့ပါသည်။
စိုက်ပျိုးရေးတာဝန်ကျဝန်ထမ်းများမှ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်း ကြကြောင်း သိရသည်။
(သတင်းစဉ်)