လှိုင်းဘွဲ ၂၈ မေ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲလောင်းကြီးကျေးရွာတွင် ယနေ့နံနက်(၆)နာရီခွဲခန့်က လေပြင်း တိုက်ခတ်မှုကြောင့် ညောင်ပင်ပြိုလဲပြီး နေအိမ်အချို့ အမိုးများပျက်စီးခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့်မဲလောင်းကြီးကျေးရွာတွင် လှိုင်းဘွဲ-ပိုင်ကျုံ ကားလမ်းပေါ်ရှိ ညောင်ပင် ပြိုလဲကျပြီး မဲလောင်းလေးဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံရှိ အမိုး(၁၂)ပေသွပ် (၁၂)ချပ်၊ လမ်းမီးကွန်ကရစ်တိုင်(၂)တိုင်၊ လူနေအိမ်(၂)လုံးမှ ၁၂ပေသွပ်(၁၀)ချပ်၊ ၈ပေသွပ် (၂)ချပ် ပျက်စီးခဲ့သည်။

ထိုသို့ လေပြင်းတိုက်ခတ်မှုကြောင့်ပြိုလဲသွားသော ညောင်ပင်အား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသခံရွာသူ ရွာသားများက စုပေါင်း၍ ခုတ်ထွင်ရှင်းလင်းလျှက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN