ကျောက်မဲ ၂၈ မေ
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု မျှတကောင်းမွန်လာစေရန် ရည်ရွယ်၍ ကျောက်မဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ ယခုလာမည့် မိုးရာသီကာလတွင် ကျောက်မဲမြို့နယ် အတွင်းရှိ အပင် စုစုပေါင်း အပင် ၄၅၀ဝ၀ ကို ဖြန့်ဝေစိုက်ပျိုးစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးရာသီ လူထုလှုပ်ရှားမှုအဖြစ် သစ်ပင်စိုက်ပွဲတော်တွင် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုပေါင်း စိုက်ပျိုးရန် ကျွန်း၊ ပျဉ်းကတိုး၊ ယမနေ၊ မယ်ဇလီ၊ ရေသင်းဝင်၊ ယူကလစ်၊ မန်ဂျန်ရှား စသည့် ပျိုးပင်စုစုပေါင်း ၄၅၀ဝ၀ ပင်နှင့် ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ကျေးရွားများသို့ ဖြန့်ဝေစိုက်ပျိုးရန် သီးပင် စားပင် ၇၇၀ဝ ကိုလည်း ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရှိရသည်။
ကျောက်မဲမြို့နယ် သစ်တောဦးစီးဌာန အနေဖြင့် ပျိုးပင်များကို ကြိုတင်၍ ပျိုးထောင်ထားရှိကာ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ယာများနှင့် အခြေခံပညာ ကျောင်းများတို့၌ စိုက်ပျိုးရန်အတွက် သစ်ပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း ကျောက်မဲခရိုင်ပြန်/ဆက်မှ သိရသည်။
MDN