ချောက် ၂၈ မေ
မကွေးတိုင်းဒေသကြီး ချောက်မြို့ အမှတ်(၁၅)ရပ်ကွက် ရတနာအိုင့်ရပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်နေပြည်သူများအား ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီး မူလတန်းကြို ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စိုးမိမှ ကလေးသူငယ်များ ရရှိမဲ့အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ဆန္ဒထုတ်ဖော်ဆွေးနွေးခွင့်၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာများ ရှင်းလင်းခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးမှူး ဒေါ်ချိုချိုမာက သက်ငယ်မုဒိမ်းအကြောင်း သိကောင်းစရာ ဆောင်ရန်၊ ရှောင်ရန် ရှင်းလင်းခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဌေးဝင်းမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ ကလေးသူငယ် ပြစ်မှုပြစ်ဒဏ်များနှင့် ပတ်သက်သည့် အသက်၊ ဘေးအန္တရယ်၊ အကျင့်စာရိတ္တနှင့် ပတ်သက်သည့် အချက် ၁၂ချက်အား ရှင်းလင်းဟောပြောသည်။
ဟောပြောပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူး၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများစုစုပေါင်း၇၀ဦး တက်ရောက်ခဲ့ကြောင်း တက်ရောက်လာသော ပြည်သူများ၏ မေးမြန်းမှုကိုလည်း ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ကျော်မိုး (ပြန်/ဆက်)