နတ်တလင်း ၂၈ မေ


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ရွှေဝါရောင်ရေအသုံးချသူများအသင်းတို့အကြား ဆည်မြောင်းစီမံခန့်ခွဲမှု လွှဲပြောင်းရယူခြင်းဆိုင်ရာ သဘော တူညီချက်စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပသည်။


အခမ်းအနားတွင် တည်ဆောက်ရေး၂ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲမှု ဦးစီးဌာန(ပြည်) ညွှန်ကြားရေးမှုးဦးကျော်သူ အဖွင့်အမှာစကား ပြောကြားရာ မြို့နယ်အတွင်းရှိ တောင်ညိုဆည်မှ ရေပေးဝေနေသော လက်တံခွဲအမှတ်(၄)မှ ရေပေးဝေမှုအား တင်ပြင်ခွေကျေးရွာအုပ်စု တောင်သူများသို့ သဘောတူညီချက် စာချုပ်လက်မှတ်ပြုလုပ်ရသည်မှာ ဝန်ထမ်းများနှင့် ရေသုံးစွဲမှုအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တောင်သူအချင်းချင်း ရေမျှဝေသုံးစွဲကြစေရန် ရှင်းလင်းပြောကြားပြီး ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချရေး စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစပ်ခွန်ဦးမှ ပူးပေါင်းစီမံခန့်ခွဲခြင်းနှင့် ဆည်မြောင်းစီမံခန့်ခွဲမှု လွှဲပြောင်းပေးအပ်ခြင်းအား ရှင်းလင်းပြောကြားခြင်း ခေတ္တတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မာမာအောင်မှ စိုက်ပျိုးရေးဦးစီးဌာန၏ ဆောင်ရွက်နေမှု လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။


ခရိုင်လက်ထောက်ညွှန်ကြားရေးမှုးနှင့် ရွှေဝါရောင်ရေအသုံးချမှု အသင်းဥက္ကဋ္ဌ ဦးမြင့်အောင်တို့မှ သဘောတူညီချက် စာချုပ်လက်မှတ်ရေးထိုးခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေဝဏ္ဏလှိုင်နှင့် ရေအသုံးချမှု အသင်းဒုဥက္ကဋ္ဌ ဦးသန်းစိုးတို့က အသိအမှတ်ပြု လက်မှတ်ရေးထိုးခြင်း၊ ဒုဥက္ကဋ္ဌ ဦးသန်းစိုးမှ ကျေးဇူးတင်စကားပြောကြား၍ တိုင်းဒေသကြီး၂ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်နိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က နိဂုံးချုပ်စကားပြောကြားသည်။


လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ဆည်မြောင်းမူဝါဒဆိုင်ရာ အကြံပေး JICA မှ မစ္စတာဟီရိုမိချိကီတားဒါး၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန ဦးစီးအရာရှိဦးသက်နိုင်နှင့် ဝန်ထမ်းများတင်ပြင်ခွေအုပ်စု ရေအသုံးချမှု အသင်းဝင်များ၊ ပြည်ခရိုင်သဲကုန်းမြို့နယ် ရွှေဝါရောင်ရေအသုံးချမှု အသင်းသားများ (လေ့လာရေးအဖွဲ့)၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြကြောင်း သိရသည်။


တင်မြင့်(နတ်တလင်း)