နေပြည်တော် မေ ၂၈
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၁၄)ကြိမ်မြောက် ဂျယ်ဂျူးဖိုရမ်သို့ တက်ရောက်ရန် မေ ၂၆ ရက်တွင် ရန်ကုန်မြို့မှ ကိုရီးယားနိုင်ငံသို့ ထွက်ခွာသည်။ မေ ၂၇ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mrs. Kang Kyung-Wha အား ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ကိုရီးယား-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး၊ ကိုရီးယားသမ္မတနိုင်ငံ၏ တောင်ပိုင်းဆိုင်ရာမူဝါဒသစ် တိုးတက်အကောင်အထည်ဖော် ဆောင်ရာတွင် မြန်မာ နိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ရေးကိစ္စ၊ မြန်မာနိုင်ငံတွင် ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုများ တိုးမြှင့်ရေးကိစ္စ၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ကိုရီးယား-အာဆီယံ နှစ်(၃၀)ပြည့် ထိပ်သီးအစည်းအဝေး၊ ကျင်းပပြုလုပ်ရေး ကိစ္စ¬ရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ဆွေးနွေးရာတွင် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံ Industrial Bank of Korea ၏ အမှုဆောင် ဒုတိယဥက္ကဋ္ဌ Mr. Oh Hyuk-Soo က တည်ခင်းသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်