ညောင်ဦး ၂၈ မေ

 


ပြည်သူများ သားငါးကုန်ကြမ်းပစ္စည်းများ ဝယ်ယူစားသုံးရာ၌ ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းလတ်ဆက်သော အစားအစာများ ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ညောင်ဦးခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်ချို ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲနိုင် ဦးဆောင်သော ဝန်ထမ်းများနှင့် ပူးပေါင်း၍ မေ ၂၈ ရက် နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ် သစ်ထောင့်(တ)ကျေးရွာသို့ သွားရောက်ပြီး သားငါးကုန်ကြမ်း ပစ္စည်းများနှင့် ပတ်သက်၍ ဘေးအန္တရာယ်မဖြစ်စေရေး သားသတ်လုပ်ငန်းရှင်ပြည်သူများအား ကွင်းဆင်းအသိ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

dwefeew

 


ယင်းသို့ ကွင်းဆင်းအသိပညာပေးရာတွင် ညောင်ဦးမြို့နယ် သစ်ထောင့်(တ)ကျေးရွာရှိ သားသတ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး တိရစ္ဆာန်မှ လူသို့ ကူးစက်နိုင်သော ရောဂါများအကြောင်းနှင့် အများပြည်သူအတွက် အစားအစာ ဘေးကင်းလုံခြုံ စိတ်ချရမှုရှိအောင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ သားသတ်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များအားလည်းကောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။ 

 


ဆက်လက်၍ သားသတ်လုပ်ငန်းတွင် အသုံးပြုမည့်နွားများကို ဒေါင့်သန်းရောဂါမဖြစ်စေရေး ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြပြီး သားသတ်လုပ်ငန်းရှင်များ မွေးမြူထားရှိသော အများပြည်သူစားသုံးရန် သတ်ဖြတ်မည့် နွားများအား ကျန်းမာရေး ကောင်းမွန်မှု ရှိ/ မရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

 


ရဲဝင်းနိုင် (ညောင်ဦး)

 

ewe;