ရမည်းသင်း ၂၈ မေ

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တွင် မေ ၂၃ ရက် ညနေ ၆ နာရီက မိုးရွာသွန်းပြီး  လေပြင်းများ တိုက်ခတ်ခြင်းကြောင့် မြို့နယ်အတွင်း လူနေအိမ်အဆောက်အဦများ အမိုးလန်ပျက်စီးခြင်းအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်ပွဲကို မေ ၂၇ ရက် နံနက် ၁၀ နာရီက ရမည်းသင်းမြို့နယ်အတွင်း လေဘေးသင့်ပျက်စီးသည့် ကျေးရွာများမှ အိမ်ထောင်စုများကို လက်ရောက်ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

258562

 

အဆိုပါ ကျေးရွာများအရောက် ထောက်ပံ့ခြင်းကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း ၁၁ မျိုးနှင့် အမိုးလန်ပျက်စီးသည့် တန်းဖိုးအနည်းအများအလိုက် ထောက်ပံ့ငွေများ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ရမည်းသင်းမြို့နယ်အတွင်း မေ ၂၃ ရက်က လေဘေးသင့်သော အလယ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း အမိုးလန်ပျက်စီးခြင်းအတွက် ထောက်ပံငွေကျပ်တစ်သိန်း၊ ပျဉ်းမတောကျေးရွာ၊ ဓမ္မပါလကျေးရွာ၊ အင်းကုန်းရွာ၊ ငှက်သိုက်ရွာ၊ ရွာမရွာ၊ ဘွက်ကျေးရွာ၊ ဥသျှစ်ကုန်းရွာနှင့် အင်းဇင်ရွာတို့မှ လေဘေးသင့်အိမ်ထောင်စု ၂၁ အိမ်ကို ထောက်ပံ့ငွေကျပ် ၁၃ သိန်း ၉ သောင်းနှင့် ထောက်ပံ့ပစ္စည်း ၁၁ မျိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ဇော်ဝင်းအောင်(ရမည်းသင်း)