အောင်လံ ၂၉ မေ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ နွေစပါးဧက ၂၉၀ဝ နှင့်အခြားသီးနှံဧက ၆၀ဝ စုစုပေါင်းဧက ၃၅၀ဝ အား စိုက်ပျိုးရန်လျာထားပြီး ရေတင်စခန်း (၄)ခုမှ ရေပေးဝေလျက်ရှိသည်။

ယခုအခါတွင် မိုးရွာသွန်းမှုနည်းပါးပြီး အပူချိန်မြင့်မားနေသော်လည်း လျာထားဧက(၃၅၀ဝ)အားပြည့်မှီရေးအတွက် စနစ်တကျ ရေပေးဝေလျက်ရှိပြီး အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ရေအရင်းအမြစ် ခရိုင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ကျော်ထံမှ သိရသည်။
သိန်းလွင်(အောင်လံ)
