နေပြည်တော် ၂၉ မေ
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၉)ဦး တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းနှင့် စွမ်းအင်သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း(၆)ခု ခွင့်ပြုခဲ့သည်။
အဆိုပါလုပ်ငန်း (၆)ခု၏ ရင်နှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၂၈ ဒသမ ၆၂၀)သန်းနှင့် ကျပ် သန်းပေါင်း (၁၀၆၄၃၅ ဒသမ ၉၉) သန်းရှိပြီး ပြည်တွင်း အလုပ်အကိုင်အခွင့် အလမ်းပေါင်း (၆၅၉)နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
သတင်းစဉ်